2022၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်)News

Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) (စတုတ္တ)နေ့ နှင့်ဆုချီးမြှင့်ပွဲကို ပြင်ဦးလွင်မြို့၊ ချယ်ရီလွင် တပ်မတော်ဂေါက်ကလပ် ၌ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) (စတုတ္ထ) နေ့ကိုယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ချယ်ရီလွင် တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးကိုကိုအေးမှ ပြိုင်ပွဲကို အဓိကကူညီပံ့ပိုးပေးသော Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှတာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးဦးအောင်မြင့်ဦးနှင့် Mytel Operator မန္တလေးတာဝန်ခံတို့က ပြိုင်ပွဲအားလက်ခံကျင်းပပေးသော ချယ်ရီလွင်တပ်မတော် ဂေါက်ကွင်းသို့ အမှတ်တရ လက်ဆောင်နှင့် ဂုဏ်ပြုငွေများ ကိုပေးအပ်ရာချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း တာဝန်ရှိသူမှလက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် Junior Golf Myanmar အလုပ်အမှုဆောင် ဒေါ်လွင်လွင် အောင်မှ ဝါသနာရှင်အဆင့် (အမျိုးသမီး)ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက် (၂၅၂)ချက်ဖြင့်တတိယဆုရရှိသော ဝိုင်းဝိုင်းအား လည်းကောင်း၊ Junior Golf Myanmar အလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းမှ စုစုပေါင်းရိုက်ချက် (၂၄၅)ချက်ဖြင့် ဒုတိယ ရရှိခဲ့သော တုန်ရန်ကြီးအားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်မှ စုစုပေါင်းရိုက်ချက် (၂၂၈)ချက်ဖြင့် ပထမရရှိခဲ့သော မိုးပြည့်စုံခင်တို့အားလည်းကောင်းဆုများကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အထက်မြန်မာပြည်ဂေါက်သီးအားကစားအဖွဲ့ချုပ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ကိုကိုမှ ဝါသနာရှင် အဆင့် (အမျိုးသား)ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက်(၂၉၂)ချက်ဖြင့် တတိယဆုရရှိခဲ့သော လှိုင်မင်းထက် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦးမှစုစုပေါင်း ရိုက်ချက်(၂၉၀)ချက်ဖြင့်ဒုတိယ ရရှိခဲ့သော ဇော်ဇော်ထွန်း တို့အားလည်းကောင်း၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ်မှ စုစုပေါင်းရိုက်ချက်(၂၈၄)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၄)ချက်လျော့ရိုက်ကာ(ပထမ)ရရှိခဲ့သော လွင်မိုးအားလည်းကောင်းဆုများ ကို အသီးသီးပေးအပ် ကြသည်။

ထို့နောက် ပညာရှင်အဆင့်ပြိုင်ပွဲတွင်သတ်မှတ်ရိုက်ချက်ထက် (၉)ချက်လျော့ရိုက်ကာစုစုပေါင်းရိုက်ချက် (၂၇၉)ချက် ဖြင့်ပထမရရှိခဲ့သော သိန်းနိုင်စိုး (HAN Golf Academy)အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးမှ ဂုဏ်ပြုဆုဖလားနှင့် ဆုကြေး ငွေချက်လက်မှတ်ကို ပေးအပ်ချီးမြှင့်ကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြကြောင်း သတင်း ရရှိသည်။